한국의 금기 문화(ကိုရီးယားရဲ့ တားမြစ်ချက် ယဉ်ကျေးမှု) 한국의 금기 문화 (ကိုရီးယားရဲ့ တားမြစ်ချက် ယဉ်ကျေးမှု) တားမြစ်ထားတဲ့အချက်အလက်တွေအများစုမှာ ရိုးရာယဉ်ကျေးမှုဆိုင်ရာအဓိပ္ပာယ်ကောက်ချက်တွေ ပါဝင်နေပါတယ်။ ကိုရီးယားရိုးရာအရ ထိန်းသိမ်းလိုက်နာရမယ့် တားမြစ်ချက်အချို့ကိုတော့ အောက်မှာ ဖော်ပြထားပေးပါတယ်။ ပထမတစ်ခုကတော့ - ဂဏန်းအက္ခရာ 4ပါ။ သူ့ အသံထွက်က 사(Sar)လို့ အသံထွက်ရပြီး 한자(Hanja)အနေနဲ့ 四 လို့ရေးရပါတယ်။ ဒါပေမယ့် သူ့အသံထွက်က 한자(Hanja) 사(死) နဲ့ အသံထွက်သွားတူနေပါတယ်။ 死 သူရဲ့ အဓိပ္ပာယ်ကတော့ သေဆုံးခြင်းဖြစ်ပါတယ်။ အဲ့တာကြောင့် ကိုရီးယားလူမျိုးတွေဟာ ဆေးရုံ၊တည်ခိုးခန်း၊အဆောက်အဦး စတာတွေရဲ့ အထပ်တွေကို ရေးတဲ့အခါ 4အစား အင်္ဂလိပ်အက္ခရာ Fကို ပြောင်းလဲ၍ အစားသွင်းသုံးကြပါတယ်။ ဒုတိယတစ်ခုကတော့ - 미역국(ရေညှိဟင်းရည်) ပါ။ 미역국(ရေညှိဟင်းရည်)ဟာဆိုရင် ကိုရီးယားလူမျိုးတွေရဲ့ ရိုးရာအစားအသောက်တစ်မျိုးဖြစ်ပါတယ်။ သို့ပေမယ့် ကိုရီးယားလူမျိုးတွေဟာ စာမေးပွဲရှိတဲ့အချိန်တွေဆိုရင် 미역국(ရေညှိဟင်းရည်)ကို သောက်ဖ...