한국의 금기 문화(ကိုရီးယားရဲ့ တားမြစ်ချက် ယဉ်ကျေးမှု)

한국의 금기 문화(ကိုရီးယားရဲ့ တားမြစ်ချက် ယဉ်ကျေးမှု)

한국의 금기 문화

(ကိုရီးယားရဲ့ တားမြစ်ချက် ယဉ်ကျေးမှု)

တားမြစ်ထားတဲ့အချက်အလက်တွေအများစုမှာ ရိုးရာယဉ်ကျေးမှုဆိုင်ရာအဓိပ္ပာယ်ကောက်ချက်တွေ ပါဝင်နေပါတယ်။ ကိုရီးယားရိုးရာအရ ထိန်းသိမ်းလိုက်နာရမယ့် တားမြစ်ချက်အချို့ကိုတော့ အောက်မှာ ဖော်ပြထားပေးပါတယ်။

ပထမတစ်ခုကတော့ -ဂဏန်းအက္ခရာ 4ပါ။
သူ့ အသံထွက်က 사(Sar)လို့ အသံထွက်ရပြီး 한자(Hanja)အနေနဲ့ 四 လို့ရေးရပါတယ်။ ဒါပေမယ့် သူ့အသံထွက်က 한자(Hanja) 사(死) နဲ့ အသံထွက်သွားတူ‌နေပါတယ်။ 死 သူရဲ့ အဓိပ္ပာယ်ကတော့ သေဆုံးခြင်းဖြစ်ပါတယ်။ အဲ့တာကြောင့် ကိုရီးယားလူမျိုးတွေဟာ ဆေးရုံ၊တည်ခိုးခန်း၊အဆောက်အဦး စတာတွေရဲ့ အထပ်တွေကို ရေးတဲ့အခါ 4အစား အင်္ဂလိပ်အက္ခရာ Fကို ပြောင်းလဲ၍ အစားသွင်းသုံးကြပါတယ်။

ဒုတိယတစ်ခုကတော့ -미역국(ရေညှိဟင်းရည်) ပါ။
미역국(ရေညှိဟင်းရည်)ဟာဆိုရင် ကိုရီးယားလူမျိုးတွေရဲ့ ရိုးရာအစားအသောက်တစ်မျိုးဖြစ်ပါတယ်။ သို့ပေမယ့် ကိုရီးယားလူမျိုးတွေဟာ စာမေးပွဲရှိတဲ့အချိန်တွေဆိုရင် 미역국(ရေညှိဟင်းရည်)ကို သောက်ဖို့ ရှောင်ရှားကြပါတယ်။ ဘာလို့လဲဆိုတော့ 미역ဆိုတဲ့ရေညှိရဲ့ ကျိချွဲပြီး ချောတဲ့ ပုံစံကြောင့်မလို့ စာမေးပွဲမှာ ချော်ပြီး ကျသွားမှစိုးလို့ပါ။ပြီး‌‌တော့ 미역국(ရေညှိဟင်းရည်)နဲ့အတူ စာမေးပွဲမဖြေခင် ဆံပင်ညှပ်ခြင်း၊ရေချိုးခြင်းတို့ကိုလည်း ရှောင်ရှားကြပါသေးတယ်။

တတိယတစ်ခုကတော့ -နာမည်တွေကို စာအုပ်အပေါ်ရေးတဲ့အခါ မှင်အနီနဲ့ မရေးရခြင်းပါ။

အနီရောင်ဟာ သေဆုံးခြင်းကို ကိုယ်စားပြုတဲ့အရောင်ဖြစ်သည့်အတွက် ကိုရီးယားလူမျိုးတွေဟာ နာမည်တွေရေးတဲ့အခါ မှင်အနီကို မသုံးကြပါဘူး။ အကယ်၍ အဲ့လို မှင်အနီကိုသုံးပြီးရေးလိုက်ရင် ရေးခံရတဲ့ လူဟာ မကောင်းတဲ့အရာတွေနဲ့ ကြုံရမယ်ဆိုပြီး အယူရှိကြပါတယ်။

နောက်ပြီး အိမ်ရှေ့တံခါးမကြီးအပေါက်မှာ ရပ်ခြင်း၊ ညဘက်တွင် လက်သည်း၊ခြေသည်းညှပ်ခြင်းတွေကိုလည်း ရှောင်ရှားကြပါတယ်။

Comments

Popular posts from this blog

Level 4-2 Exercise 42