한국의 민간요법 (ကိုရီးယားရဲ့ ရိုးရာကုထုံး)
한국의 민간요법
(ကိုရီးယားရဲ့ ရိုးရာကုထုံး)
ကိုရီးယားလူမျိုးတွေရဲ့ အိမ်တွင်း ရိုးရုကုထုံးများထဲမှ အချို့ကို ဖော်ပြပေးထာပါတယ်။
ပထမတစ်ခုကတော့ - ကိုရီးယားလူမျိုးတွေဟာ အစားစားပြီးအစာမကြေဖြစ်တဲ့အခါတွေမှာတော့ အပ်နဲ့ လက်မထိပ်ကို ဖောက်ပြီး ကုသတတ်ကြပါတယ်။ အပ်နဲ့ လက်မထိပ်ကိုဖောက်ခြင်းအားဖြင့် သွေးလည်ပတ်အားကောင်းမွန်စေပြီး အစာကြေလွယ်စေပါတယ်။
ဒုတိယတစ်ခုကတော့ - ရေနွေးပူလောင်ခြင်းစသည့် အပူလောင်ခြင်းတွေဖြစ်တဲ့အခါမှာတော့ အားလုံးသီးကို လှီးပြီး အပူလောင်ထားတဲ့နေရာတွင် ကပ်ထားပြီး ကုသတတ်ကြပါတယ်။ အဲ့လိုကပ်ထားခြင်းအားဖြင့် အပူတွေအေးသွားစေပြီး အနာကိုမြန်မြန်သက်သာလာစေပါတယ်။
တတိယတစ်ခုကတော့ - ဗိုက်နာတဲ့အခါမှာတော့ လက်ဖြင့် ဗိုက်ကိုပွတ်သပ်ပြီး ကုသတတ်ကြပါတယ်။ အဲ့လို ပွတ်သပ်ခြင်းအားဖြင့် လက်ရဲ့အနွေးဓာတ်ကြောင့် ဗိုက်ဟာနွေးထွေးလာပြီး ဗိုက်နာမှုကို လျော့ကြစေပါတယ်။
စတုတ္ထတစ်ခုကတော့ - အညိုအမဲစွဲခြင်း၊တစ်ခုခုနဲ့တိုက်မိ၍ ယောင်ယမ်းခြင်းတွေဖြစ်တဲ့အခါမှာတော့ ယောင်ယမ်းတဲ့နေရာ၊အညိုအမဲစွဲတဲ့နေရာကို ကြက်ဥနဲ့ လှိမ့်ပေးခြင်း၊ အမဲသားကို လှီး၍ ကပ်ပေးခြင်းဖြင့် ကုသတတ်ကြပါတယ်။ အဲ့လိုလုပ်ပေးခြင်းဖြင့် အညိုအမဲစွဲခြင်း၊ယောင်ယမ်းခြင်းတွေကို လျော့ကျစေပြီး သက်သာပျောက်ကင်းလာစေပါတယ်။
Comments
Post a Comment