한자(Hanja)

한자(Hanja)

한자(Hanja)

ကိုရီးယားဘာသာစကား မိတ်ဆက်

ကိုရီးယားဘာသာစကားက တရုတ်ဘာသာစကားနှင့် တူညီသောအချက် များစွာရှိပါတယ်။ ကိုရီးယားဘာသာစကားမှ 60-70%ရဲ့ စကားလုံးတွေဟာ '한자(hanja)' လို့ခေါ်တဲ့ တရုတ်စာလုံးတွေကနေ လာတာဖြစ်ပါတယ်။1443ခုနှစ် မတိုင်မီထိ ကိုရီးယားလူမျိုးများဟာ စာရေး၊ဖတ်လုပ်တဲ့နေရာများတွင် တရုတ်စာလုံး '한자(hanja)' ကို အသုံးပြုခဲ့ကြပါတယ်။

ကိုရီးယားအက္ခရာ(Hangul) စတင်တီထွင်သူနှင့် ခုနှစ်

1446ခုနှစ် ဂျိုဆွန်းခေတ်အတွင်းမှာတော့ '세종대왕(ဆယ်ဂျုံဘုရင်ကြီး)' ဟာ '한글(Hangul)' ဆိုတဲ့ ကိုရီးယားစကားလုံးအက္ခရာများကို စတင်တီထွင်ခဲ့ပါတယ်။ စတင်တီထွင်ခါစက '한글(hangul)' ကို '훈민정음(Hunminjeongeum)' လို့ ခေါ်ခဲ့ပါတယ်။ အဓိပ္ပာယ်ကတော့ ‘ပြည်သူတွေအတွက် မှန်ကန်သော အသံ သင်ကြားမှု’ဖြစ်ပါတယ်။

한글(Hangul) တီထွင်ရသည့် အကြောင်းအရင်း

ဂျိုဆွန်းခေတ်တွင် ကိုရီးယားနိုင်ငံဟာ ကိုယ်ပိုင်စာလုံးအက္ခရာမရှိသည့်အတွက် တရုတ်အက္ခရာ(hanja)များကို အသုံးပြုခဲ့ကြရပါတယ်။ တရုတ်အက္ခရာဟာ အရေးအသား အလွန်ခက်ခဲပြီး အထက်တန်းလွှာက လူတွေသာ သင်ကြားရခြင်းဖြစ်သည့်အတွက် အလယ်အလတ်တန်း၊ သာမန်လူတန်းစားများမှာ စာပေတတ်မြောက်ဖို့ မဖြစ်နိုင်ခဲ့ပါဘူး။ စာ‌ရေးဖို့ ဖတ်ဖို့ အရမ်းခက်ခဲလွန်းတဲ့ Hanjaများကြာင့် ပြည်သူပြည်သားများမှာ အလွန် အခက်တွေ့ခဲ့ကြပါတယ်။ ဒါကြောင့်‘ဆယ်ဂျုံးမင်းကြီး’ဟာ ပြည်သူပြည်သား‌တွေအားလုံး စာလုံးအက္ခရာတွေမသိဘဲ ကိုယ်ပြောချင်တဲ့အရာကို သေသေချာချာ မပြောနိုင်မှုကို စိတ်မကောင်းဖြစ်၍ တီထွင်ခဲ့ခြင်းဖြစ်တယ်လို့ '훈민정음(Hunminjeongeum)' အစမှာ ရေးထားပါတယ်။

October 9ရက်(၁၀လပိုင်း ၉ရက်)နေ့ဟာ "한글 날(Hangul Day)လို့ ခေါ်တဲ့ ကိုရီးယားအက္ခရာများ ဖြစ်တည်လာမှုကို ဂုဏ်ပြုတဲ့နေ့ ဖြစ်ပါတယ်။

Comments

Popular posts from this blog

Level 4-2 Exercise 42