한자(Hanja) | Introduction

한자(Hanja) | Introduction

한자(Hanja)

한자(Hanja)ဆိုတာ ဘာလဲ??

Hanjaဆိုတာကတော့ တရုတ်စာလုံး အက္ခရာတွေကို ဆိုလိုခြင်းဖြစ်ပါတယ်။ ကိုရီးယားလူမျိုးတွေဟာ ရှေးအရင် နန်းတွင်းခေတ်တွေမှာ စာရေးတဲ့အခါ Korea စာလုံး အက္ခရာတွေအစား တရုတ်စာလုံးအက္ခရာတွေကို အသုံးပြုခဲ့ကြပါတယ်။ အဲ့အတွက်ကြောင့် Koreaဘာသာစကားမှာ တရုတ်စာလုံးများ ပါဝင်နေရခြင်းဖြစ်ပါတယ်။

အသေးစိတ်ကို Korean blogထဲမှာ ကြည့်ပေးရန်။

အောက်တွင် 한자 အချို့ကို ဥပမာအနေနဲ့ ပြထားပေးပါတယ်။

  • 식 ဆိုတဲ့ စာလုံးဟာ 한자(Hanja)အရဆိုရင်
    먹다(စားသည်),식(ပွဲ၊ နည်းလမ်း)စသဖြင့် အဓိပ္ပာယ်တွေရှိပြီး
  • 식사, 음식, 식당စတာတွေက စားတာနဲ့ပတ်သတ်တဲ့ စာလုံးတွေဖြစ်လို့ ဝေါဟာရတစ်ခုလုံးမသိတောင် 식(စားသည်) ရဲ့ meanသိတာနဲ့ အလွယ်တကူ ဘာအဓိပ္ပာယ်လည်းဆိုတာ သိနိုင်ပါတယ်။
  • 결혼식, 장례식 စတဲ့ စာလုံးတွေမှာတော့ 식(ပွဲ)ကို သိတာနဲ့ ပွဲနဲ့ ပတ်သတ်တာပါလားဆိုပြီး သိနိုင်ပါတယ်။
  • 방식, 사고방식 စတာတွေမှာကျ 식(နည်းလမ်း) လို့ နားလည်နိုင်ပါတယ်။
  • 쌤တို့က vocabsတွေသာ ကျက်သွားပြီး မေ့နေတာမျိုးတွေ၊ ကိုယ်မသိတဲ့စာလုံးတွေ ခနခနတွေ့ရတာမျိုးတွေ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် 한자 သိထားတာနဲ့တင် သူ့စာလုံး meaningကို အပြည့်အစုံမသိတောင် အနီးစပ်ဆုံးကို ခန့်မှန်းပြီး ကျက်မှတ်နားလည်ထားလို့ရပါတယ်။여러분တို့ သိကြတဲ့အတိုင်း တရုတ်စာလုံးတွေက အရမ်း များပြီး ခက်လည်း ခက်ပါတယ်။ အဲ့တာကြောင့် 쌤တို့က တရုတ်စာလုံးတွေထိ လိုက်မှတ်မနေပဲ ကိုရီးယားစာလုံးနဲ့ပဲ သူ့ meaningကို မှတ်ထားရခြင်းဖြစ်ပါတယ်။ အပေါ်က စာလုံးတစ်ချို့လို အသံထွက်ပဲ တူပြီး meaningတွေ ကွဲပြားတဲ့ စာလုံးတွေ အများကြီး ရှိပါတယ်။

မေး 쌤 အဲ့ဒါဆို ကျွန်တော်တို့က အဲ့လို အသံထွက်တူတာတွေကို ဘယ်လို ခွဲသုံးရမှာလဲဗျ။
ဖြေ 한자တွေ လေ့လာတာ များလာတာနဲ့အမျှ ဘယ်စာလုံးက ဘယ်အဓိပ္ပာယ်ကို ပြောချင်လည်း သူ့အလိုလို သိလာပါတယ်။ အဓိကကတော့ ကိုယ်က Vocabulary ကြွယ်ဝထားဖို့ လိုပါတယ်။ 한자စာလုံးတွေနဲ့တွဲပြီး Vocabularyတွေ များများ လေ့လာပေးပါ။

한자ကို သိထားခြင်းအားဖြင့် -

Vocabsတွေ ကျက်တဲ့ချိန်တွင် ပို၍ မှတ်ရလွယ်ကူခြင်း၊ 한자성어လို့ ခေါ်တဲ့ လေးလုံးဆက် စာလုံးတွေလည်း သိလာနိုင်ခြင်း စတဲ့ အကျိုးတွေ အများကြီးရှိပါတယ်။ ဒါ့အပြင် TOPIK EXAMအတွက်ဆိုရင်တော့ 한자က မပါမဖြစ် mainပါပဲ။

ကျက်ပုံကျက်နည်း
식(食) - 먹다,식(နည်းလမ်း)
  1. 간식 - သရေစာ
  2. 식사 - အစားအစာ

식 - 먹다,식စသဖြင့် 식ရဲ့ အဓိပ္ပာယ်ကို မြန်မာလိုမကျက်ပဲ ဘေးမှာ ပေးထားတဲ့ ကိုရီးယားလိုလေးပဲ ကျက်ပေးပါ။ အောက်က ဥပမာ စာလုံးတွေလည်း ကျက်ပေးရမှာ ဖြစ်ပါတယ်။

한자(Hanja) Lessons

Lessons တွေကိုတော့ စုစုပေါင်း Lesson(23)ထိ ပြင်ထားပေးပါတယ်။ Lesson 1ခုစီတိုင်းတွင် 한자စာလုံး 5လုံးစီနှင့် ဥပမာ စာလုံးများပါ ထည့်သွင်းပေးထားပါတယ်။ 한자တွေက ဒီ Lesson 23ခုအပြင် အများကြီး ရှိပါသေးတယ်။ ထပ်ပြီးလေ့လာမှတ်သားချင်ရင် 한자ချည်း သီးသန့်ထုတ်ထားတဲ့ စာအုပ်တွေ ရှာလေ့လာနိုင်ပါတယ်။

*Note မှတ်ချင်သူများအတွက်တော့ အဓိကအနေဖြင့် Hanjaစာလုံးနဲ့ သူ့ meanကိုပဲ စာအုပ်သီးသန့်၊ သို့မဟုတ် စာအုပ်ကို အလယ်ခွဲပြီး hanjaချည်း သီးသန့်မှတ်ထားတာမျိုးလေး မှတ်ထားပေးစေချင်ပါတယ်။ အဲ့ဒါကျမှ ပြန်ကြည့်ချင်တဲ့ချိန် အလွယ်တကူ ပြန်ကြည့်နိုင်မှာမို့ပါ။

Comments

Popular posts from this blog

Level 4-2 Exercise 42