ကိုရီးယားလူမျိုးတို့ရဲ့ ထမင်းစားစဉ် လိုက်နာကျင့်သုံးရမည့် ယဉ်ကျေးမှုများ

ကိုရီးယားလူမျိုးတို့ရဲ့ ထမင်းစားစဉ် လိုက်နာကျင့်သုံးရမည့် ယဉ်ကျေးမှုများ

ကိုရီးယားလူမျိုးတို့ရဲ့ ထမင်းစားစဉ် လိုက်နာကျင့်သုံးရမည့် ယဉ်ကျေးမှုများ

ထမင်းမစားခင်

  1. ထမင်းပန်းကန်များ ချသည့်အခါ ပန်းကန်များကို သူ့နေရာနှင့်သူ သတ်မှတ်ထားကြပါတယ်။ ထမင်းပန်းကန်လုံးကို ဘယ်ဘက်တွင်ထားပြီး ဟင်းရည်ပန်းကန်ကို ညာဘက်တွင် ထားကြပါတယ်။ ထမင်းပန်းကန်နှင့် ဟင်းရည်ပန်းကန် နေရာတွေကို ဈာပနအခမ်းအနား ကျင်းပသည့်အခါမှသာ ပြောင်းပြန်ထားကြပါတယ်။
  2. ထမင်းစားသည့်အခါတွင်ဖြစ်စေ၊ ဟင်းရည်သောက်သည့်အခါတွင်ဖြစ်စေ ဇွန်းကို အသုံးပြုပြီး အရံဟင်းတွေ စားသည့်အခါမှာတော့ တူကို အသုံးပြုပြီး စားသုံးကြပါတယ်။
  3. ဇွန်းနဲ့တူကို အသုံးပြုသည့်အခါတွင်လည်း အစုံလိုက် (တစ်ခုက ဝါးဖြစ်ပြီး တစ်ခုက စတီးဖြစ်နေတာမျိုးမဟုတ်ပဲ) အသုံးပြုကြပါတယ်။
  4. (အထူး သတိထားရမည့်အချက်)
    လူကြီးသူမများနှင့် ထမင်းဝိုင်းအတူတူ ထိုင်သည့်အခါတွင် ထိုသူအရင် နေရာယူပြီးမှသာ ကျန်တဲ့သူများဟာ ကိုယ့်နေရာအသီးသီးဆီမှာ နေရာယူကြပါတယ်။ ပြီးနောက် ထိုသူအရင် ဇွန်း၊တူကို ကိုင်ပြီး ထမင်းစားမှသာ ကျန်တဲ့သူများဟာ စပြီး ထမင်းစားကြပါတယ်။
  5. ထမင်းစားနေစဉ် မလိုအပ်တဲ့အရာတွေကို ထမင်းစားပွဲပေါ် မတင်ကြပါ။

ထမင်းစားနေစဉ်

  1. ထမင်းစားနေစဉ်မှာတော့ တတ်နိုင်သလောက် စကားမပြောပဲနေကြပါတယ်။ အကယ်၍ စကားပြောကိုပြောရမည့် အခြေအနေမျိုးတွင်တော့ ပါးစပ်ထဲမှ အစားအစာတွေ အပြင်မထွက်‌အောင် ပါးစပ်ကိုကာပြီး ပြောတာဖြစ်စေ ပါးစပ်ထဲမှ အစားအစာတွေကုန်သွားမှ ပြောတာဖြစ်စေ ပြုလုပ်ကြပါတယ်။
  2. ထမင်းစားနေစဉ်ဖြစ်စေ၊ ဟင်းရည်သောက်နေစဉ်ဖြစ်စေ ဇွန်း၊တူတို့နှင့် ပန်းကန်များ ပွတ်တိုက်မိသည့်အသံများကိုလည်း မမြည်အောင်၊ အတတ်နိုင်ဆုံး ထိန်းပြီး စားကြပါတယ်။
  3. ဟင်းရည်ရော ဟင်းဖတ်ရောပါသည့် အစားအစာမျိုးမှာဆိုရင် တူနဲ့ မွှေပြီး မစားကြပါဘူး။ ဇွန်းကိုသာ အသုံးပြုပြီး စားကြပါတယ်။
  4. ထမင်းစားနေစဉ် ထမင်းပန်းကန်ကို စားပွဲပေါ်တင်ပြီးမှသာ စားကြပါတယ်။ လက်ဖြင့် ကိုင်၍ မစားကြပါ။
  5. ကိုရီးယားလူမျိုးတွေဟာ ဟင်းရည်သောက်သည့်အခါဖြစ်စေ ထမင်းစားသည့်အခါဖြစ်စေ ဇွန်းနှင့် တူများတွင် အစားအစာများ ကပ်ကျန်မနေအောင် အတတ်နိုင်ဆုံး ထိန်းပြီး စားကြပါတယ်။
  6. အရိုးတွေကို သူများတွေမမြင်အောင် အရင်ဆုံး တစ်ရှူးထဲတွင် ထွေးထုတ်ပြီးမှသာ အမှိုက်ပုံးထဲသို့ လွှင့်ပစ်ကြပါတယ်။
  7. ထမင်းစားနေစဉ် ဇွန်းကို ထမင်းထဲတွင် စိုက်မထားပဲ ဟင်းရည်ခွက်ထဲ ထည့်ထားတာဖြစ်စေ အောက်မှာ ချထားတာဖြစ်စေ လုပ်ကြပါတယ်။ ထမင်းပန်းကန်ထဲတွင် ဇွန်းစိုက်ထားခြင်းဟာ ဈာပန အခမ်းအနားများ၌ တည်ခင်းကျင်းပသည့်အခါတွင် ပြုလုပ်သောကြောင့် မလုပ်ကြခြင်းဖြစ်ပါတယ်။
  8. ဇွန်း၊တူအသုံးပြုသည့်အခါတွင်လည်း နှစ်ခုလုံးကို တစ်ချိန်တည်းတွင် အသုံးမပြုပဲ တစ်ခုပြီးမှ တစ်ခုကိုင်ပြီး သုံးဆောင်တတ်ကြပါတယ်။
  9. ထမင်းစားနေစဉ် TVကြည့်ခြင်း၊ဖုန်းသုံးနေခြင်းမပြုလုပ်ကြပါ။
  10. ကိုယ့်စားနှုန်းနှင့် သူများစားနှုန်းကို ချိန်ပြီး စားကြပါတယ်။ ကိုယ်က ထမင်းစားနေစဉ်မှာ အချိန်အရမ်းကြာပြီး တစ်ဖက်လူက မြန်နေလျှင် အဆင်မပြေတာကြောင့် အချင်းချင်း ညှိပြီး စားတတ်ကြပါတယ်။

ထမင်းစားပြီး

  1. ထမင်းစားပြီးနောက် ‌သွားထဲညပ်နေသည့်အစာတွေကို ဖယ်ချင်သည့််အတွက် လူအများရှေ့တွင် ရေဖြင့် ပလုတ်ကျင်းခြင်း၊ သွားကြားထိုးခြင်းတွေကို ရှောင်ကြဉ်ကြပါတယ်။
  2. ထမင်းစားပြီးနောက် ထမင်းဝိုင်းမှ လူကြီးသူမ၊ အသက်ကြီးသူ ထသွားပြီးမှသာ ကျန်တဲ့သူတွေ ထပြီး လုပ်စရာရှိတာတွေ လုပ်ကြပါတယ်။

Comments

Popular posts from this blog

Level 4-2 Exercise 42