방정환(Bang Jeong Hwan)

방정환(Bang Jeong Hwan)

방정환(Bang Jeong Hwan)

방정환(Bang Jeong Hwan)ဟာ ကိုရီးယားနိုင်ငံရဲ့ "어린이 날"(ကလေးများနေ့)ကို ဖန်တီးပေးခဲ့တဲ့ ကလေးစာပေ ပညာရှင်ကြီးတစ်ဦးဖြစ်ပါတယ်။

သူဟာဆိုရင် 1899ခုနှစ်မှာ서울(ဆိုးလ်မြို့)တွင် မွေးဖွားခဲ့ပြီး ငယ်စဉ်တည်းက သူငယ်ချင်းတွေကို စိတ်ဝင်စားစရာအကြောင်းတွေကို ပြောပြရတာကို ကြိုက်နှစ်သက်ခဲ့တဲ့ သူတစ်ဦးလည်း ဖြစ်ပါတယ်။ သူပြောပြသည့် အကြောင်းအရာတွေကို စိတ်ဝင်တစား နားထောင်ရင်း ပျော်မွေ့နေကြသည့် သူငယ်ချင်းများကို ကြည့်ရင်း ကြီးလာရင် ကလေးတွေအတွက် အိမ်မက်နဲ့ မျှော်လင့်ချက်တွေကို ပေးတဲ့ ပုံပြင်တွေကို ရေးရမယ်ဆိုပြီး ဆုံးဖြတ်ချက်ချခဲ့ပါတော့တယ်။

အချိန်တွေကြာပြီး တက္ကသိုလ်ရောက်တဲ့အခါမှာတော့ သူဟာ ကလေးစာပေပညာရပ်ကို လေ့လာသင်ယူခဲ့ပြီး တစ်ခြားနိုင်ငံတစ်ခုရဲ့ ကလေးပုံပြင်တစ်ပုဒ်ကို ဘာသာပြန်ခဲ့ပြီး "사랑의 선물"(အချစ်ရဲ့ လက်ဆောင်)ကို ပုံနှိပ်ထုတ်ဝေခဲ့ပြီး "어린이"(ကလေး)ဆိုတဲ့ စာအုပ်ကို ပထမဆုံးအနေနဲ့ ရေးသားထုတ်ဝေခဲ့ပါတယ်။

တစ်ရက်လေးပဲဖြစ်ဖြစ် ကလေးတွေ စိတ်ကြိုက်ပျော်ရွှင်နိုင်ပါစေဆိုတဲ့ ရည်ရွယ်ချက်နဲ့ 5월 5일(5လပိုင်း 5ရက်နေ့ကို) "어린이 날"(ကလေးများနေ့)အဖြစ် သတ်မှတ်ပေးခဲ့ပါတယ်။ ပြီးတော့ ကလေးသူငယ်ကာကွယ်ရေး လှုပ်ရှားမှုတွေကနေတစ်ဆင့် ကလေးတွေဟာ နိုင်ငံရဲ့ အနာဂတ်ဖြစ်ပြီး မျှော်လင့်ချက်ဖြစ်တာကြောင့် တစ်ခြားအရာတွေထက် အရင်ဆုံး ကာကွယ်စောင့်ရှောက်မှု ခံယူသင့်ကြောင်း အသိပေးဖို့ ကြိုးပမ်းခဲ့ပါတယ်။ ဒီလိုမျိုး ကလေးတွေအတွက်သာဆို ခန္ဓာကိုယ်ကို မငဲ့ဘဲ ကြိုးပမ်းခဲ့တဲ့방정환(Bang Jeong Hwan)ဟာဆိုရင် "어린이를 두고 가니 잘 부탁합니다." (ကလေးတွေကို ထားခဲ့ပြီး သွားနှင့်ပြီမို့ ကလေးတွေကို စောင့်ရှောက်ပေးပါ။) ဆိုတဲ့ "유언" သေတမ်းစာကို ချန်ခဲ့ပြီး အသက် 33နှစ်ဆိုတဲ့ တိုတောင်းလှတဲ့ ဘဝကို နေထိုင်ခဲ့ပြီး လောကကြီးမှ ထွက်ခွာသွားခဲ့ပါတော့တယ်။

ဒါပေမဲ့လည်း 방정환(Bang Jeong Hwan) ဖန်တီးပေးခဲ့တဲ့ "어린이 날"(ကလေးများနေ့)ကတော့ အခုချိန်ထိ ကလေးတွေအတွက် အပျော်ရွှင်ရဆုံးနေ့ တစ်နေ့ဖြစ်နေပြီး သူ့ကိုတော့ ကလေးတွေရဲ့ ထာဝရ သူငယ်ချင်းအဖြစ်နဲ့ အချိန်အတော်ကြာ သတိရ မှတ်မိနေမှာပဲ ဖြစ်ပါတော့တယ်။

Comments

Popular posts from this blog

Level 4-2 Exercise 42