"톤즈의 아버지", 이태석 신부 ("Tonesရွာရဲ့ ဖခင်", အီထယ်ဆော့ ဘုန်းတော်ကြီး)
한국의 금기 문화
"톤즈의 아버지", 이태석 신부 ("Tonesရွာရဲ့ ဖခင်", အီထယ်ဆော့ ဘုန်းတော်ကြီး)
이태석 신부(အီထယ်ဆော့ ဘုန်းတော်ကြီး)ဟာဆိုရင်တော့ 1962ခုနှစ် 부산(ဘူဆန်မြို့)တွင် မောင်နှမ ၁၀ယောက်အနက် ၉ယောက်မြောက်အနေဖြင့် မွေးဖွားခဲ့ပြီး ငယ်ငယ်တည်းက စာပေမှာလည်း ထူးချွန်ကာ ဂီတပိုင်းမှာလည်း အရည်အချင်းရှိသူတစ်ယောက်ဖြစ်ပါတယ်။သူဟာ အထက်တန်းကျောင်းပြီးဆုံးပြီးနောက် ဆေးတက္ကသိုလ်တွင် ပညာသင်ကြားခဲ့ပေမယ့် သူ့ရဲ့ အတွင်းစိတ်ထဲမှာတော့ ဘုန်းတော်ကြီးအဖြစ်နဲ့ ခက်ခဲဆင်းရဲလွန်းတဲ့သူတွေကို ကူညီပေးတဲ့ ဘဝမှာ နေချင်ခဲ့တဲ့ အိမ်မက်ရှိနေခဲ့ပါတယ်။မိသားစုကတော့ သူ့ဆန္ဒကို ဆန့်ကျင်ခဲ့ပေမယ့် သူဟာ ဆေးကျောင်းအပြီး ဘာသာရေးဆိုင်ရာ မေဂျာကို ထပ်မံယူခဲ့ပြီး 2001ခုနှစ်မှာတော့ သူဖြစ်ချင်ခဲ့တဲ့ 신부(ဘုန်းတော်ကြီး)တစ်ပါးဖြစ်ခဲ့ပါတယ်။
သူဟာ ဘုန်းတော်ကြီးဖြစ်ခဲ့ပြီးနောက်မှာတော့ ဆင်းရဲပြီး ရောဂါဝေဒနာတွေခံစားနေရသူတွေကို ကူညီပေးဖို့အတွက် Africa, Sudanမြို့ရဲ့ ရွာငယ်လေးဖြစ်တဲ့ Tonesရွာကို သွားရောက်ခဲ့ပါတယ်။အဲ့နေရာကတော့ အချိန်တော်တော်ကြာ စစ်ပွဲကြောင့် ဘာဆိုဘာမှမရှိတော့တဲ့ နေရာပဲဖြစ်ပါတယ်။စစ်ပွဲနဲ့ ဆင်းရဲမှုဒဏ်တွေကို လွယ်လွယ်ကူကူ ရင်းနှီးခွင့်မပေးခဲ့ကြပါဘူး။ဒါပေမဲ့လည်း နောက်ကျတော့ သူတို့ကို စိတ်ရင်းစေတနာအရင်းခံဖြင့် ကူညီဖို့လုပ်နေတဲ့ ဘုန်းတော်ကြီးရဲ့ နွေးထွေးစိတ်ကို နားလည်ပေးလာကြပါတော့တယ်။
이태석 신부(အီထယ်ဆော့ ဘုန်းတော်ကြီး)ဟာ tonesရွာမှာ~ပထမဆုံးအနေနဲ့ ဆေးကုသစင်တာကို တည်ဆောက်ခဲ့ပြီး နာမကျန်းဖြစ်နေတဲ့ ဝေဒနာသည်တွေကိုကုသပေးခဲ့ပါတယ်။
ပြီးဝောာ့ သူဟာ 배움만이 톤즈에서 가난과 절망을 몰아낼 수 있는 유일한 방법(လေ့လာသင်ယူမှုကသာ Tonesရွာလေးရဲ့ ဆင်းရဲမှုနဲ့ စိတ်ပျက်မှုတွေကို မောင်းထုတ်ဖြေရှင်းနိုင်တဲ့ တစ်ခုတည်းသောနည်းလမ်း) လို့ စဉ်းစားခဲ့တာကြောင့်မလို့ ရွာလေးမှာ ကျောင်းဆောင်လည်း ဆောက်ပေးပြီး ပညာသင်ကြားပေးခဲ့ပါတယ်။
ပြီးတော့ သူဟာ စစ်ပွဲကြောင့် မိဘ၊မောင်နှမ ဆုံးရှုံးခဲ့ရပြီး နာကျင်ခံစားနေရတဲ့ ရွာကကလေးတွေရဲ့ ဒဏ်ရာတွေကို သီချင်းနဲ့ ကုစားပေးဖို့အတွက် ကိုရီးယားကနေယူလာတဲ့ ကိရိယာတွေနဲ့ bandတစ်ခုကို ကလေးတွေနဲ့ အတူတူ ထောင်ပေးခဲ့ပါတယ်။
အဲ့လိုမျိုး သူတို့တွေဟာ ပျော်ရွှင်စွာနဲ့ အချိန်ကြာကြာနေထိုင်ခဲ့ကြပေမယ့် "ပျော်ရွှင်မှုဟာ ကြာကြာမခံဘူး" ဆိုသလိုမျိုး 이태석 신부(အီထယ်ဆော့ ဘုန်းတော်ကြီး)ဟာ ကိုရီးယားကို အလည်အပတ်ခရီးအနေနဲ့ ခဏတာ သွားခဲ့စဉ်အခါမှာ ရုတ်တရက်ကြီး ခန္ဓာကိုယ်မှာ ပြင်းထန်တဲ့ နာကျင်မှုကို ခံစားခဲ့ရတာကြောင့် ဆေးရုံသွားအပြမှာတော့ ကင်ဆာရောဂါ ခံစားနေရတယ်ဆိုတာကို သိလိုက်ရပါတော့တယ်။
ဒါပေမဲ့လည်းဘုန်းတော်ကြီးဟာ ကိုရီးယားမှာ ဆေးကုသမှုခံယူနေစဉ်အတွင်း Tonesရွာလေးရဲ့ ခက်ခဲပင်ပန်းဆင်ရဲမှုတွေကို အသိပေးဖို့အတွက် ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ ဘုန်းတော်ကြီးဟာ ရွာလေးဆီကို ပြန်မသွားနိုင်ခဲ့ဘဲ အသက် 48နှစ်မှာ ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားခဲ့ပါတော့တယ်။အဲ့အကြောင်းကို နောက်ကျမှ သိခဲ့ရတဲ့ Tonesရွာလေးက လူတွေဟာ ဘုန်းတော်ကြီးရဲ့ ဈာပနာအစား ဘုန်းတော်ကြီးရဲ့ ဓာတ်ပုံလေးကို ကိုင်ပြီး ဝမ်းနည်းပူဆွေးစွာဖြင့် ရွာအနှံ့ စီတန်းလှည့်လည်ခဲ့ကြပါတယ်။
Tonesမြို့ရဲ့ ဖခင်ဖြစ်ပြီး ဆရာဝန်၊ဆရာ၊လမ်းပြသူဖြစ်ခဲ့တဲ့ 이태석 신부(အီထယ်ဆော့ ဘုန်းတော်ကြီး)ဟာ လောကကြီးကနေ အခုလို ထွက်ခွာသွားခဲ့ပေမဲ့ Tonesရွာလေးက လူတွေရဲ့ ရင်ထဲမှာတော့ အမြဲ အသက်ရှင်လျက်ရှိနေပါတော့တယ်။
Comments
Post a Comment