부사 해운대 모래 축제(Busan Haeundae Sand Festival)
부사 해운대 모래 축제
(Busan Haeundae Sand Festival)
부사 해운대 모래 축제(Busan Haeundae Sand Festival) ကိုတော့ ဘူဆန်မြို့ ဟယ်အူးန်ဒယ်ပင်လယ်မှာ ပြုလုပ်ကျင်းပခြင်းဖြစ်သည့်အတွက် အခုလို ခေါ်ဆိုခြင်းဖြစ်ပါတယ်။ သဲပွဲတော်ကိုတော့ 2005ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့၍ နှစ်စဉ် 6လပိုင်း အစတွင် စတင်ကာ လေးရက်တိတိ ကျင်းပပါတယ်။
သဲပွဲတော်တွင် တစ်ကမ္ဘာလုံးမှ ပန်းပုပြပွဲ၊ ဖွင့်ပွဲ ဂုဏ်ပြုပွဲနှင့် စင်ပေါ်၌ ဖျော်ဖြေမှုများ၊ band ဖျော်ဖြေမှုများနဲ့ ကိုယ်တိုင် အတွေ့အကြုံယူနိုင်သည့် ပရိုဂရမ်များကို တွေ့နိုင်ပါတယ်။
ကိုယ်တိုင် အတွေ့အကြုံ ယူနိုင်သည့် ပရိုဂရမ်တွင် လာရောက်လည်ပတ်သူများအတွက် '도전!! 나도 모래 조각가'(Challenge!! ငါလည်း သဲပန်းပုပညာရှင်)ဆိုသည့် အစီအစဉ်ကို ပြုလုပ်ပေးထားပါတယ်။ အဲ့အစီအစဉ်မှာတော့ လူကြီး၊လူငယ် ကျား၊မမရွေး အားလုံး ပါဝင်ဆင်နွှဲနိုင်ပါတယ်။
သဲပွဲတော်ဆိုသည့်အတိုင်း ပွဲတော်တစ်ခုလုံးကို သဲများဖြင့်သာ အသုံးပြုပြီး ဆင်နွှဲခြင်းဖြစ်သည့်အတွက် ပွဲတော် ပြီးသွားပြီးနောက်လည်းပတ်ဝန်းကျင်အတွက် ထိခိုက်ပျက်စီးစေမည့် အရာများ ကျန်ခဲ့ခြင်းမရှိသည့်အတွက် ကိုရီးယားနိုင်ငံတွင် နာမည်ကြီးရေပန်းစားနေသည့် ပွဲဝော်တစ်ခုလည်းဖြစ်ပါတယ်။
ဘူဆန်မြို့ရဲ့ ဟယ်အူးန်ဒယ်ပင်လယ်တွင် ပင်လယ်ကမ်းခြေကို နောက်ခံထား၍ ကျင်းပခြင်းဖြစ်သည့်အတွက် လှပသော ပင်လယ်ရဲ့ရှုခင်းများနှင့် သဲပွဲတော်မှ သဲပန်းပုများကိုပါ တစ်နေရာထဲတွင် ခံစားရရှိနိုင်ပါတယ်။
Comments
Post a Comment