Blog 1 - '추석'(Chuseok) ကောက်သစ်စားပွဲ
'추석'(Chuseok)
ကောက်သစ်စားပွဲ
추석(ချူဆော့) ကောက်သစ်စားပွဲကတော့ ကိုရီးယားနိုင်ငံရဲ့ နာမည်အကြီးဆုံး အများပြည်သူပိတ်ရက်နေ့ဖြစ်ပါတယ်။ 추석(ချူဆော့) ပွဲတော်ကို한가위(ဟန်ဂါဝီ) ,중추절(ဂျူးင်ချူဂျောရ်) ဆိုပြီးလည်းခေါ်ကြပါတယ်။추석(ချူဆော့) ဆိုတဲ့စကားလုံးကို အသုံးများပြီး ဒုတိယအနေနဲ့ကတော့ '한가위'ဆိုတဲ့စကားလုံးကအသုံးများပါတယ်။
'추석' ပွဲတော်ကို ကိုရီးယား Lunar ပြက္ခဒိန်ကိုကြည့်ပြီး အဲ့ပြက္ခဒိန်ရဲ့ 8လပိုင်း15ရက်နေ့မှစ၍ 3ရက်တိုင်တိုင်ကျင်းပကြပါတယ်။ Lunaပြက္ခဒိန်အရ ပွဲတော်ကျင်းပခြင်းဖြစ်သည့်အတွက် တစ်နှစ်နှင့်တစ်နှစ် ပွဲတော်ကျင်းပတဲ့ ရက်တွေ ကွာခြားပါတယ်။
추석(ချူဆော့) ပွဲတော်ကို event (3)မျိုးနဲ့ ကျင်းပကြပါတယ်။
1. 차례(ချာလယ်)
'차례' ကတော့ ကိုရီးယားရိုးရာအစားအစာ၊သစ်သီးဝလံတို့နဲ့ ပွဲတော်တည်ပြီး ဘိုးဘွားတွေကို ဂါရဝပြုခြင်းဖြစ်ပါတယ်။
2.벌초(ဗောလ်ချို)
'벌초' ကတော့ ပွဲတော်ရက်မတိုင်မှီမှာ ဘိုးဘွားတွေရဲ့ အုတ်ဂူကို ရှင်းလင်းသန့်ရှင်းရေး လုပ်ပေးခြင်းဖြစ်ပါတယ်။
3.성묘(ဆေားင်မြို)
'성묘' ကတော့ ရှင်းလင်းသန့်ရှင်းထားတဲ့ ဘိုးဘွားတွေရဲ့ အုတ်ဂူဆီကို ပွဲတော်နေ့မှာ သွားရောက်ပြီး ဂါရဝပြုခြင်းဖြစ်ပါတယ်။
'추석' ပွဲတော်အစားအစာထဲတွင်- 송편(ဆုန်းဖြေားန်) = ဆန်မုန့်အစာသွပ်မုန့်က မပါမဖြစ် မုန့်လေးပါ။
ပြီးတော့ 잡채(ဂျားဗ်ချယ်)=ပဲကြာဇံသုပ် ၊ 불고기(ဗူးရ်ဂိုဂီ)= အမဲသားကင် ၊ 전(ဂျေားန်) = ကိုရီးယားပန်ကိတ် ၊ 반찬=အရံဟင်း အစရှိသည့်အစားအစာတွေစားလေ့ရှိပြီး သောက်စရာတွေအနေနဲ့ကတော့ 소주=ဆိုဂျူ,맥주(မယ်ဂ်ဂျူ)=ဘီယာ,막거리=(မာ့ဂ်ဂေါလီ)ဆန်အရက်တွေကို သောက်သုံးကြပါတယ်။
'추석' ပွဲတော်မှာ ကိုရီးယားရိုးရာကစားနည်းများကစားကြပြီး ရိုးရာအကတွေနဲ့လည်းဖျော်ဖြေကြပါတယ်။ပွဲတော်ရက်မတိုင်မီ မိမိ မွေးရပ်မြေမှာမရှိဘဲတစ်ခြားမြို့မှာ ပညာသင်၊အလုပ်လုပ်နေသူတွေက ပွဲတော်ရက်အမှီ မွေးရပ်မြေကိုပြန်လာပြီး မိသားစုနဲ့အတူ ပွဲတော်ကိုကျင်းပကြပါတယ်။အဲ့တာကြောင့် ပွဲတော်ရက်နားနီရင် ကားလမ်းတွေအရမ်းပိတ်ပြီး ရထားလက်မှတ်တွေရော၊ဘတ်စ်ကားလက်မှတ်တွေပါ ရောင်းထွက်မြန်ပါတယ်။ပွဲတော်ရက်မှာ အချင်းချင်း တစ်ဦးနဲ့တစ်ဦး လက်ဆောင်တွေလည်း အပြန်အလှန်ပေးကြပါသေးတယ်။
Comments
Post a Comment