နေ့၊ရက်၊လ၊ခုနှစ်အသုံးပြုပုံ(၁)
နေ့၊ရက်၊လ၊ခုနှစ်အသုံးပြုပုံ(၁)
ကိုရီးယား ဘာသာစကား မှာတော့ နေ့ရက်၊ လ၊ နှစ်တွေကို သုံးချင်ရင်တော့ တရုတ် (Sino)number တွေကို သုံးပေးရပါတယ်
နေ့ရက်၊လ၊နှစ် အခေါ်အဝေါ်
| 일 | နေ့ |
| 월 | လ |
| 년 | နှစ် |
일(နေ့)
| 일일(1일)=1ရက် |
| 이일(2일)=2ရက် |
| 삼일(3일)=3ရက် |
| 사일(4일)=4ရက် |
| 오일(5일)=5ရက် |
| 육일(6일)=6ရက် |
| 칠일(7일)=7ရက် |
| 팔일(8일)=8ရက် |
| 구일(9일)=9ရက် |
| 십일(10일)=10ရက် |
| 십일일(11일)=11ရက် |
| 십이일(12일)=12ရက် |
| 십삼일(13일)=13ရက် |
| 십사일(14일)=14ရက် |
| 십오일(15일)=15ရက် |
| 십육일(16일)=16ရက် |
| 십칠일(17일)=17ရက် |
| 십팔일(18일)=18ရက် |
| 십구일(19일)=19ရက် |
| 이십일(20일)=20ရက် |
월(လ)
ကိုရီးယားမှာ လတွေကို သုံးတဲ့အခါ ဇွန်လ၊ ဇူလိုင်လ စသည်ဖြင့် အဲ့လို လနာမည်တွေ မရှိဘဲ အားလုံးကို 1လ ၊2လ၊ 3လ... ဆိုပြီး ခေါ်ကြပါတယ်။
| 일월(1월)=1လပိုင်း |
| 이월(2월)=2လပိုင်း |
| 삼월(3월)=3လပိုင်း |
| 사월(4월)=4လပိုင်း |
| 오월(5월)=5လပိုင်း |
| *유월(6월)=6လပိုင်း |
| 칠월(7월)=7လပိုင်း |
| 팔월(8월)=8လပိုင်း |
| 구월(9월)=9လပိုင်း |
| *시월(10월)=10လပိုင်း |
| 십일월(11월)=11လပိုင်း |
| 십이월(12월)=12လပိုင်း |
ဒီမှာတော့ ချွင်းချက်အနေနဲ့ 6လပိုင်းကို 육월 အစား 유월 10လပိုင်းကို 십월 အစား 시월 လို့ ပြောင်းလဲကာ အသုံးပြုပေးရပါတယ်။
ကြာချိန်(၃လလောက်၊၄လလောက်)ကို သုံးချင်ရင်တော့ 월 အစား 개월 ကို သုံးပေးရပါတယ်
Eg. 저는 한국어를 배운지 삼개월 정도 됐어요 ကျွန်တော်ကတော့ ကိုရီးယားဘာသာစကားကို လေ့လာနေတာ ၃လလောက် ရှိသွားပြီ။
ဒီ개월နဲ့သုံးတဲ့အခါမှာတော့ 6,10ကို ပြောင်းပေးစရာမလိုပါဘူး။ 육개월, 십개월 လို့ဘဲ သုံးပေးရပါမယ်။ 6,10က 월(လ)နဲ့တွဲမှသာ ပြောင်းပေးရပါတယ်။
년(ခုနှစ်)
| 이천이십일년(2021년)=2021နှစ် |
| 이천십년(2010년)=2010နှစ် |
| 천구백구십팔년(1998년)=1998နှစ် |
Comments
Post a Comment